တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို "တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများစွမ်းရည်မြှင့်တင်စို့" ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ စီးပွားရေးကဏ္ဍတွင် တန်းတူပါဝင်ခွင့်ရရှိရေးနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများ တိုးမြှင့်ပေးရန် တိုက်တွန်းပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူးကလည်း အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။



