ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၂၇ ရပ်ကွက်၊ ဆရာစံလမ်းတွင် ယာဉ်တစ်စီးမှ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိသည့်ဖြစ်ရပ်တစ်ခု မတ်လ ၈ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေး အသင်းများထံမှ သိရပါတယ်။အဆိုပါဖြစ်ရပ်ကြောင့် သစ်ပင်ကိုအရှိန်ဖြင့်ဝင်တိုက်မိသည့် တိုယိုတာ မတ်တူးအမျိုးအစား အဖြူရောင် 2D/ . . . . ယာဉ်မှာ ခေါင်းတခြမ်း ကြေမွသွားပြီး ယာဉ်ပေါ်တွင်အမျိုးသားနှစ်ဦးပါရှိခဲ့ကြောင်း၊ သစ်ပင်ကိုယာဉ်ဝင်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာသည့်အမျိုးသားနှစ်ဦးမှာ ပြင်းထန်စွာဒဏ်ရာများရရှိထားကြပြီး လူမှုကူညီရေးအသင်းများက အမြန်ဆုံးဆေးဝါးကုသမှုရရှိနိုင်ရန်အတွက် ဆေးရုံသို့အလျင်အမြန်ရောက်အောင် ကူညီပို့ဆောင်ပေးခဲ့ပါတယ်။
ရန်ကုန်မြို့တွင် လမ်းဘေးသစ်ပင်ကို ယာဉ်ဝင်တိုက်မိသည့်ဖြစ်ရပ် ဒဂုံမြောက်ပိုင်း ၂၇ ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့
Mar 09 • 1:54 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 18 | 0 | 0 | 0 |


