ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် ပထမအကြိမ် ထနော့အမျိုးသားနေ့အခမ်းအနားကို တောင်ပို့လှကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ထနော့တိုင်းရင်းသားများ တက်ရောက်ခဲ့ကြပြီး အမျိုးသားနေ့အထိမ်းအမှတ် အလံတင်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း၊ ဂုဏ်ပြုဆုများပေးအပ်ခြင်း၊ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ ပြုလုပ်ခဲ့သည်။



