back

မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှဂုဏ်ပြုကြိုဆိုသောအားဖြင့် အထူးကွင်းဆင်းဆေးကုသ

Mar 09 • 1:12 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှဂုဏ်ပြုကြိုဆိုသောအားဖြင့် အထူးကွင်းဆင်းဆေးကုသ

မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ တာဝန်ရှိသူများသည် မတ်လ ၈ရက်နေ့တွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအ...

မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ တာဝန်ရှိသူများသည် မတ်လ ၈ရက်နေ့တွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းရုံး (ဗဟို) ၌ အထူးကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။အဆိုပါကွင်းဆင်း ဆေးကုသရေးအစီအစဉ်တွင် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ (နေပြည်တော်) မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချိုဦးဆောင်သော ဆေးကုသရေးအဖွဲ့ဝင် ၁၅ ဦးတို့က တိုင်းရင်းဆေးဝါးများဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ် ရောင်အဆစ်နာရောဂါများ၊ ထုံနာ၊ ကျဉ်နာ၊ လေငန်း၊ လေဖြတ်၊ အာရုံကြောအားနည်း ရောဂါရှင်များ စုစုပေါင်း ၁၇၅ ဦးအားကုသပေးကြပြီး လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သောက်ဆေး၊ လိမ်းဆေးပေးခြင်း၊ အကြောပြင်ကုသခြင်း၊ ကျပ်ထုပ်ထိုးကုသခြင်း၊ ဆေးစည်း၊ ဆေးကပ်ခြင်းနှင့် အာရုံကြောရောဂါများကို မိုးကြိုးသွားဖြင့်ကုသမှုများ ဆောင်ရွက်ခဲ့ကြပါတယ်။



news-view-count-icon

20