မတ်လ ( ၉ ) ရက်နေ့ မနက်ပိုင်းမှာ ယှဉ်ပြိုင်ထိုးသတ်ကြမယ့် UFC 313 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ချင်းတိုင်းရင်းသား Jushua Van နှင့် ဂျပန်ဖိုက်တာ Rei Tsuruya တို့ပွဲစဉ်မှာ ဂျော့ရှ်အနေနဖြင့် မြန်မာနိုင်ငံတော်အလံကို ဆဌဂံဝိုင်းအတွင်းသို့ ကိုယ်စားပြု ယူဆောင်သွားမယ်လို့ သိရပါသည်။အဆိုပါပွဲစဉ်ဟာ ( ၂၀၀၀ ) ခုနှစ်ဖွား ဖိုက်တာ နှစ်ဦး၏ အကြိတ်အနယ်ပွဲစဉ်ဖြစ်ပြီး ပွဲစဉ်မစတင်မီမှာပင် လူမှုကွန်ယက်စာမျက်နှာများတွင် ရေပန်းစား လူသိများလျှက်ရှိနေပါသည်။



