ယနေ့ညနေခင်း ၄:၂၀ နာရီအချိန်က မြန်မာနိုင်ငံအနောက်ဘက်ကမ်ရိုးတန်းအလွန်၊ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့အနောက်တောင်ဘက် ၁၁၁ မိုင်၊ မန်အောင်ကျွန်းအနောက်တောင်ဘက် ၅၉ မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်ကြမ်းပြင်အောက်အနက် ၆ မိုင်ကျော်မှ နောက်ထပ် မဂ္ဂနီကျု ၄.၃ အဆင့်မြေငလျင်ငယ် လှုပ်ရှားသွားပါသည်။



