မြန်မာနိုင်ငံပြည်တွင်းရှိပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများ ဖော်ပြခဲ့သော၊ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော အကြောင်းအရာများကို ထုတ်ဝေ၊ ဖြန့်ချိခဲ့သော ပုံနှိပ်သူနှင့် ထုတ်ဝေသူများစာရင်းအား ပြန်ကြားရေးဝန်ကြီးက အသိပေးကြေညာထားပါတယ်။သို့ဖြစ်၍ ပုံနှိပ်သူနှင့် ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစားလိုက်နာကြရန်နှင့် ဥပဒေပါစည်းကမ်းချက်များကို ဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေခြင်းများကို ပြုလုပ်ပါက ဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်သွားမည်ဟု အသိပေးကြေညာထားပါတယ်။
ညစ်ညမ်းစာများကို ထုတ်ဝေ၊ ဖြန့်ချိခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ထုတ်ဝေသူများစာရင်းအား ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာ
Mar 08 • 8:46 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


