မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်း ကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မယ်ထော် သလေး နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန် လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများ လုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၀၄ ဦးကို မြန်မာ- ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသို့ ယနေ့မတ်လ ၈ ရက်တွင် ထပ်မံပြည်နှင်လွှဲပြောင်းပေးခဲ့ပါတယ်။



