တရုတ်နိုင်ငံ၊ ရွှေလီနဲ့ ကျယ်ဂေါင်မြို့ကိုရောက်နေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်အာဏာပိုင်တွေက မတ်လဆန်းပိုင်းကစပြီး ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ကျယ်ဂေါင်ရောက် မြန်မာနိုင်ငံသားတွေဆီကသိရပါတယ်။နယ်စပ်ခိုးပေါက်တွေကနေ တရားမဝင် ဝင်ရောက်သူတွေ များလာတာကြောင့် တရုတ်ရဲတပ်ဖွဲ့က အလုပ်ရုံ၊ စိုက်ပျိုးရေးခြံတွေအထိ ဝင်ရောက်စစ်ဆေးတာတွေ ပိုတင်းကျပ်လာတယ်လို့ ဆိုပါတယ်။မတ် ၁ ရက်နေ့ကနေ ယနေ့မတ်လ၈ ရက်နေ့အထိ တရားမဝင် နေထိုင်တဲ့ မြန်မာနိုင်ငံသား နှစ်ရာကျော် ဖမ်းဆီးခံထားရပါတယ်။
Mar 08 • 6:27 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


