မြန်မာနိုင်ငံပြည်တွင်းရှိတက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း YBS ယာဥ်တွေ ထပ်တိုးပြေးဆွဲပေးမှာဖြစ်သလို တိုးချဲ့ပြေးဆွဲပေးမယ့် YBS ယာဥ်တွေကိုလည်း CNG အလွယ်တကူ တန်းစီလို့ရအောင် YRTC ဘက်က စီစဥ်ပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက အများပိုင်သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ထံကနေ သိရပါတယ်။ပုံမှန်နေ့စဉ် YBS ယာဉ်အစီးရေ ၃၀၀၀နဲ့ ၃၅၀၀ ပြေးဆွဲပေးနေပြီး လာမယ့် မတ်လ ၁၇ ရက်နေ့မှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေ သွားလာရေး လွယ်ကူစေဖို့အတွက် အစီးရေ ၄၀၀၀ အထိ ထပ်တိုးပြေးဆွဲမယ်လို့ YRTC ရဲ့တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။



