back

မြန်မာနိုင်ငံရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး - ရန်ကုန်၌ လေးမြွှာပူးကိုယ်ဝန်အား အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့

Mar 08 • 2:58 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး - ရန်ကုန်၌ လေးမြွှာပူးကိုယ်ဝန်အား အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့

မြန်မာ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်၌ ဒေါ်ဝင်းမာထွန်း အသက် ၂၆ နှစ်၊ ခင်ပွန်းဦးကာစီ၏ သားဦးလေးမြွှာပူးကိုယ်ဝန်ကိုမတ်လ၇ရက်နေ့ မွန်းလွဲ ၁...

မြန်မာ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်၌ ဒေါ်ဝင်းမာထွန်း အသက် ၂၆ နှစ်၊ ခင်ပွန်းဦးကာစီ၏ သားဦးလေးမြွှာပူးကိုယ်ဝန်ကိုမတ်လ၇ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၁ မိနစ်က အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ပါတယ်။ အဆိုပါလေးမြွှာပူးကိုယ်ဝန်ဆောင် ဒေါ်ဝင်းမာထွန်းသည် ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်၌ ကိုယ်ဝန် ဆောင်ကျန်းမာရေးစောင့်ရှောက်မှုခံယူခဲ့ပြီး ခွဲစိတ်မွေးဖွားပေးနိုင်ရေးအတွက် ဗဟိုအမျိုးသမီးဆေးရုံကြီး - ရန်ကုန် ဆေးရုံအုပ်ကြီးခေါင်းဆောင်၍ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် ဆေးကုသရေးအဖွဲ့ကို ဖွဲ့စည်းကာ ညှိနှိုင်းတိုင်ပင်၍ စနစ်တကျဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ယင်းလေးမြွှာပူးကိုယ်ဝန်မှ ကိုယ်အလေးချိန် 1.21 kg၊ 1.52 kg၊ 1.28 Kg နှင့် 0.91 kg ရှိ မိန်းကလေး လေးဦးတို့ကို ခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီး မိခင်နှင့်ကလေးများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကာ ကလေးများကို မွေးကင်းစကလေးအထူးကြပ်မတ်ကုသဌာန၌ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက လိုအပ်သော ပြုစုကုသမှုများကို အနီးကပ်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။




news-view-count-icon

38