ကမ္ဘာ့အကောင်းဆုံး ပရိုမိုးရှင်း UFC မှာ မြန်မာ့အလံ လွှင့်ထူပြီး ချီတက်လာမယ့် ဗန် ဟာ မနက်ဖြန် မတ်လ ၉ ရက် တနင်္ဂနွေနေ့မနက်၉:၀၀ နာရီ ဝန်းကျင်မှာမှာ ဂျပန် လူငယ်ဖိုက်တာ စူရူယာနဲ့ ထိုးသတ်တော့မှာပါ။ဗန် အတွက်တော့ UFC နဲ့ လက်တွဲခဲ့တဲ့ ၁ နှစ်ခွဲ ကာလအတွင်း PPV နဲ့ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ၄ ကြိမ်မြှောက် ပါဝင်ခွင့်ရခြင်းလည်း ဖြစ်ပါတယ်။လက်စ်ဗီးဂက်စ်မှာ ထိုးခဲ့တဲ့ပွဲတိုင်း ဗန်ကလုံးဝ မရှုံးဖူးသလိုUFC 313 ကလဲ လက်စ်ဗီးဂက်စ်က T-Mobile အရီနာမှာ ကျင်းပမှာပါ။မြန်မာပြည်က ပရိသတ်တွေ အနေနဲ့ Canal+ ကနေ တိုက်ရိုက်ကြည့်နိုင်သလိုနိုင်ငံတကာ ပရိသတ်တွေ အနေနဲ့ UFC Fight Pass ကနေလဲ ကြည့်လို့ရပါတယ်။
Mar 08 • 2:21 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 54 | 0 | 0 | 0 |


