back

MFF FUTSAL STADIUMနှင့် သုဝဏ္ဏကွင်းအတွင်းတွင်AFC Women's Football Day 2025 (အမျိုးသမီး ဘောလုံးပွဲတော်)ကို ကျင်းပပြုလုပ်ခဲ့

Mar 08 • 1:49 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

MFF FUTSAL STADIUMနှင့် သုဝဏ္ဏကွင်းအတွင်းတွင်AFC Women's Football Day 2025 (အမျိုးသမီး ဘောလုံးပွဲတော်)ကို ကျင်းပပြုလုပ်ခဲ့

အာရှဘောလုံး အဖွဲ့ချုပ် အစီအစဉ်တစ်ရပ်ဖြစ်သည့် AFC Women's Football Day 2025 အမျိုးသမီး ဘောလုံးပွဲတော်အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး၍ မတ်လ၇ရက် နေ့...

အာရှဘောလုံး အဖွဲ့ချုပ် အစီအစဉ်တစ်ရပ်ဖြစ်သည့် AFC Women's Football Day 2025 အမျိုးသမီး ဘောလုံးပွဲတော်အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး၍ မတ်လ၇ရက် နေ့လယ်က MFF FUTSAL STADIUMနှင့် သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာ ရှင်းလင်းပွဲခန်းမတို့တွင် ပြုလုပ်ခဲ့ပါတယ်။နိုင်ငံတကာ အမျိုးသမီးများနေ့မတ်လ၈ရက် အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် ကျင်းပခဲ့သည့် အဆိုပါ အမျိုးသမီး ဘောလုံးပွဲတော်သို့ အမျိုးသမီးဘောလုံး ကော်မတီ မှတာဝနိရှိသူများတက်ရောက်ကာMFF FUTSAL STADIUM ပြုလုပ်သည့် အခမ်းအနားတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် YRG အမျိုးသမီးဖူဆယ်အသင်းတို့အား ၄ သင်းခွဲ၍ ခြေစမ်းပွဲ ကျင်းပခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်၍ စုပေါင်းဓာတ်ပုံရိုက်ကာ အခမ်းအနား ရုတ်သိမ်းခဲ့ပါတယ်။

news-view-count-icon

56