မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ ရွှေစာရံ ဘုရားကြီး တွင် ယခုနှစ် (၇၇) ကြိမ်မြောက် အထိမ်းအမှတ် သစ္စာအဓိဋ္ဌာန်ရွှေစာရံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကာလတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။ရွှေစာရံစေတီတော်သို့ ဘုရားဖူးလာရောက်သူများအနေဖြင့် လည်ပတ်စရာ ဈေးတန်းများအပြင်၊ ဒုဋ္ဌဝတီမြစ်တွင် ရေကစား ခြင်း၊ အပျော်စီးစက်လှေစီးခြင်းတို့ကို ပြုလုပ်နိုင်ပြီး၊ ဈေးတန်းတွင်လည်း ဗမာမုန့်အမျိုးမျိုး၊ ရှမ်းပြည်နယ်ဒေသထွက်ကုန်များဖြစ်သည့် ဆေးဖက်ဝင်ပစ္စည်းများနှင့် ဒေသအစား အစာများပါ နှစ်စဉ်ရောင်းချလျက်ရှိသည်။



