မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက ဆန်စပါး စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ယခုလဆန်းပိုင်းကစပြီး နွေစပါးများ စတင်စိုက်ပျိုးနေကြပြီးဒေသခံတောင်သူများက ဆန်စပါးစားနပ်ရိက္ခာဖူလုံပိုလျှံစေရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်ရေ၊ မြေအောက်ရေ၊ ဆိုလာလျှပ်စစ်ရေတင်စနစ်တို့ဖြင့် နွေစပါးသီးနှံကို လျာထားစိုက်ဧက ပြည့်မီကျော်လွန်အောင် ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ် နွေသီးနှံရာသီတွင် ဒေသခံတောင်သူများက ဈေးကွက်ရှိပြီး အထွက်နှုန်းကောင်းမွန်သော ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ချမ်းမြေ့မေ၊ ဆာဖိုးသာ၊ ပခန်းရွှေဝါ၊ ထိုင်းနှံကောက်၊ GW-11 စပါးမျိုးနှင့် ရက် ၁၀၀ စပါးမျိုးတို့ကို အားထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။



