သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့မှ ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွာ ဘုရား၏ လက်ဝဲအောက်စွယ်တော်ပွါးအားရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ တာချီလိတ် ရွှေတိဂုံစေတီတော်၌ ပူဇော်ထားရှိရန်အတွက် ယနေ့ညနေပိုင်း၌ ပင့်ဆောင်လာခဲ့ပြီဖြစ်သည်။ပင့်ဆောင်လာသည့် စွယ်တော်ပွါးအား ရွှေတိဂုံဘုရား ပရဝုဏ်အတွင်း စံကျောင်းတော် ဆောက်လုပ် ပြီးစီးပါက နေ့ညကိန်းဝပ်ပူဇော်ခံသွားမည် ဖြစ်ကြောင်း သိရှိရသည်။



