ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ် မော်တင်စွန်းအငူမှာရှိတဲ့ မော်တင်စွန်းဘုရားပွဲဟာ ဖေဖေါ်ဝါရီ ၂၇ရက်နေ့ကတည်းက စတင်ဖွင့်လှစ်ခဲ့ပေမဲ့ ဒီကနေ့ အချိန်ထိ ဘုရားဖူး လာရောက်သူတွေ နည်းပါးနေခဲ့ပြီးဘုရားပွဲတော်မှာ လာရောက်ပြီး ဖျော်ဖြေဖို့ရှိတဲ့ စွမ်းသဘင်ဇာတ်အဖွဲ့ရဲ့ ဖျော်ဖြေမှုကို အခမဲ့လာရောက်ကြည့်ရှုဖို့ ဘုရားပွဲကျင်းပရေးအဖွဲ့က အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို အသံချဲ့စက်တွေနဲ့ပါ လိုက်လံနှိုးဆော်နေခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါသည်။



