back

ပြည်တွင်းမှပိုလျှံဝါဂွမ်းများကို ပြည်ပတင်ပို့နိုင်ရေးဆွေးနွေး

Mar 07 • 1:30 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းမှပိုလျှံဝါဂွမ်းများကို ပြည်ပတင်ပို့နိုင်ရေးဆွေးနွေး

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဝါဂွမ်းတွေထဲက ပြည်တွင်းသုံးစွဲလို့ ပိုလျှံတဲ့ဝါဂွမ်းတွေကို နိုင်ငံတကာအရည် အသွေး သတ်မှတ်ချက်တွေနဲ့အညီ ထုတ်လုပ်တင်ပို့ဖို့ ဆွေးနွေးနေတယ်...


မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဝါဂွမ်းတွေထဲက ပြည်တွင်းသုံးစွဲလို့ ပိုလျှံတဲ့ဝါဂွမ်းတွေကို နိုင်ငံတကာအရည် အသွေး သတ်မှတ်ချက်တွေနဲ့အညီ ထုတ်လုပ်တင်ပို့ဖို့ ဆွေးနွေးနေတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ကနေ သိရပါတယ်။ဝါသီးနှံမျိုးကောင်းမျိုးသန့်အသုံးပြုနိုင်ရေး ၊ ဝါဂွမ်း နဲ့ ချည်ကို ပိုမိုထုတ်လုပ် နိုင်ရေး ၊ ပြည်တွင်းသုံးပြီး ပိုလျှံရင် နိုင်ငံတကာဈေးကွက်ကို အရည်အသွေးနဲ့ စံချိန်စံညွှန်း ကိုက်ညီ စွာတင်ပို့နိုင်ရေးစတာ တွေကိုရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်တာဖြစ်ပါတယ်။လက်ရှိထွက်ရှိနေတဲ့ ဝါကုန်ကြမ်းတွေကို ချည်ချောထည်တွေထုတ်လုပ်နိုင်မယ်ဆိုရင် ပြည်ပကနေ ချည်ထည်တင်သွင်းရတာကို လျှော့ချနိုင်မှာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတစ်ချို့က သုံးသပ် ပါတယ်။ဝါသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းဒေသတွေဖြစ်တဲ့ စစ်ကိုင်း ၊ မန္တလေး ၊ မကွေး နဲ့ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တွေမှာအဓိကစိုက်ပျိုးပြီး ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင် ပြည်နယ်တွေ မှာရှိတဲ့ မြို့နယ်အချို့မှာလည်း စိုက်ပျိုးနေတယ်လို့ သိရပါတယ်။



news-view-count-icon

28