back

၂၀၂၅ ခုနှစ်အတွက် အာဆီယံဆုကို ဧပြီလထိ နောက်ဆုံးထား လျှောက်ထားနိုင်ဟုထုတ်ပြန်

Mar 07 • 8:03 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၂၀၂၅ ခုနှစ်အတွက် အာဆီယံဆုကို ဧပြီလထိ နောက်ဆုံးထား လျှောက်ထားနိုင်ဟုထုတ်ပြန်

၂၀၂၅ ခုနှစ်အတွက် အာဆီယံဆု (ASEAN Prize 2025) ကို ဧပြီလ ၁၁ ရက် ၊နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။အာဆီယံဆု အတွက် အဆိုပြုလွှာ ကို အာဆီယံနိုင်ငံတ...

၂၀၂၅ ခုနှစ်အတွက် အာဆီယံဆု (ASEAN Prize 2025) ကို ဧပြီလ ၁၁ ရက် ၊နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။အာဆီယံဆု အတွက် အဆိုပြုလွှာ ကို အာဆီယံနိုင်ငံတွေထဲက နိုင်ငံသား ၊ အဖွဲ့အစည်းတွေ အနေနဲ့ တင်သွင်းလျှောက်ထားနိုင်ပြီး ၊ လျှောက်ထားမယ့်သူတွေ အနေနဲ့ ပြည်သူကိုဦးတည်ဗဟိုပြုတဲ့ အသိုက်အဝန်းထူထောင်တာ နဲ့အာဆီယံ ဒေသတွင်း ပူးပေါင်းဆောင်ရွက်တာတွေမှာပါဝင် ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ၊ အာဆီယံ နဲ့ ရှေ့ဆက်ဆောင်ရွက်မယ့်အစီအစဉ်တွေကိုအင်္ဂလိပ်ဘာသာနဲ့ အကျဉ်းချုပ်ရေးသားဖော်ပြရမှာဖြစ်တယ်လို့သိရပါတယ်။အာဆီယံရေးရာဦးစီးဌာ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ နေပြည်တော် ကို ဧပြီ ၁၁ ရက်နောက်ဆုံးထားပြီးလျှောက်ထားနိုင်မှာဖြစ်ပါတယ်။အာဆီယံဆုတွေ အနေနဲ့ ချီးမြှင့်တာကိုတော့အာဆီယံ ဆုဖလားနဲ့ ဒေါ်လာ ၂သောင်းချီးမြှင့်သွားမယ်လို့သိရှိရပါတယ်။



news-view-count-icon

30