တရုတ်နိုင်ငံ၊ လျန်ခေါ်၊ မန်စီ၊ ရွှေလီမြို့များရှိ စက်ရုံများတွင် အချိန်ပိုများ နေ့စဉ်ရက်ဆက်ခိုင်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆေးကုသခွင့်မရခြင်းတို့ကြောင့် ဆန္ဒပြခဲ့သည့် မြန်မာလုပ်သား ၅၀၀ ကျော်ကို တရုတ်နိုင်ငံက ၆ နှစ်ကြာ ဝင်ခွင့်ပိတ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။ ယခင်က နယ်စပ်ဖြတ်ကျော် ယာယီတစ်ပတ်ကတ်ဖြင့် အလုပ်လုပ်ကိုင်သူများမှာ အချိန်ပိုအလုပ်များခြင်း၊ အနားယူခွင့်မရခြင်း၊ ဆေးကုသခွင့်မရရှိခြင်းတို့ကြောင့် ဆန္ဒပြခြင်း၊ ထွက်ပြေးခြင်းများ ဖြစ်ပွားနေရကြောင်း သိရသည်။



