ဘားအံမြို့တွင် ထိုင်းကုန်တင်ယာဉ် အစီး ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ဓာတုပစ္စည်းများ တွေ့ရှိမှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြားသည်။ ယခုကဲ့သို့ ဖမ်းဆီးမှုများကြောင့် ထိုင်းကုန်စည်များ ပြတ်တောက်နိုင်ပြီး၊ ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။



