မတ် ၆ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၃၃,၈၈၄ ဒေါ်လာကို တစ်ဒေါ်လာ ၃,၅၉၆ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ပြီး၊ AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား အမေရိကန်ဒေါ်လာ ၁၉.၇၁၇ သန်း၊ တရုတ်ယွမ် ၁၅.၇၂၈ သန်းနှင့် ထိုင်းဘတ် ၅၆.၁၃၂ သန်း လဲလှယ်ခဲ့ကြောင်း သိရသည်။



