တနင်္သာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်း ဆောင်ရွက်ဖို့အတွက် သဘောတူစာချုပ်နဲ့ သက်တမ်းတိုးသဘောတူစာချုပ် လက်မှတ်ရေးထိုးတာကိုဆောင်ရွက်ခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေထုတ်ပြန်ထားပါတယ်။တိုင်းဒေသကြီးအတွင်း က နေရာဒေသတချို့လျှပ်စစ်ဓာတ်အား ရရှိဖို့အတွက် လျှပ်စစ်ဓာတ်အားဆောင်ရွက်သူနဲ့ အစိုးရအဖွဲ့အကြား စာချုပ်ချုပ်ဆိုခဲ့တာပါတယ်။ထားဝယ် ၄ မြို့နယ်အတွက် Grid ၁ ခုကို လျှပ်စစ်ဓာတ်အား တစ်ပြိုင်တည်း ဆောင်ရွက်ပေးခဲ့ပြီး ၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းခရိုင်အတွက် လျှပ်စစ်ဓာတ်အားကို ဒီဇယ်နဲ့ ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ဒီဇယ်နဲ့ လုပ်ဆောင်ရတဲ့အတွက် ဈေးနှုန်း အနေနဲ့ အမျိုးအမျိုးရှိ ပေမယ့် လျှပ်စစ် ဓာတ်အားကို ၂၄ နာရီ အားအပြည့် လိုအပ်တဲ့နေရာတွေမှာလုပ်ဆောင်ရွက်ပေးနိုင်တယ်လို့လည်းသိရှိရပါတယ်။



