ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ဘောနက်ကြီးနှင့် ဖြူးယာဉ်ရပ်နားစခန်းများတွင် တည်ဆောက်နေသော EV အားသွင်းစခန်း နှစ်ခုကို သုံးလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အမြန်လမ်းအသုံးပြု EV ယာဉ်များ အဆင်ပြေစေရန်အတွက် အားသွင်းစခန်းများကို တိုးချဲ့တည်ဆောက်နေခြင်းဖြစ်ပြီး၊ လက်ရှိတွင် EV အားသွင်းစခန်း ၂၁ ခု ဖွင့်လှစ်ထားပြီးဖြစ်သည်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးရှိ အားသွင်းစခန်းများတွင် ကား ၁၀ စီး တစ်ပြိုင်နက် အားသွင်းနိုင်ကာ၊ အမြန်လမ်းပေါ်ရှိ စခန်းများတွင် ကား ၁၀ စီးနှင့် ဘတ်စ်ကား ၄ စီး တစ်ပြိုင်နက် အားသွင်းနိုင်မည်ဖြစ်သည်။



