အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) နှင့် မဟာမိတ်သမဂ္ဂများက လုပ်ငန်းခွင်ဆေးပေးခန်းများတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းများ ထည့်သွင်းပေးရန် ကမ်ပိန်းပြုလုပ်ခဲ့သည်။ အဆမတန်မြင့်တက်လာသော အမျိုးသမီးလစဉ်သုံးပစ္စည်းဈေးနှုန်းများကြောင့် အလုပ်သမားအမျိုးသမီးများ အခက်အခဲများစွာ ရင်ဆိုင်နေရပြီး၊ တစ်နေ့လုပ်အားခနှင့် မကိုက်ညီသော ဈေးနှုန်းများကြောင့် လစဉ်သုံးပစ္စည်းများကို အသုံးပြုရန် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် လုပ်ငန်းခွင်များရှိ ဆေးပေးခန်းများတွင် အဆိုပါပစ္စည်းများ အခမဲ့ထားရှိပေးရန် (သို့) လစဉ်သုံးပစ္စည်းစရိတ်ဖိုးကို ဘောနပ်စ်အဖြစ် ထပ်ဆောင်းပေးရန်၊ ဓမ္မတာလာစဉ် ခွင့်ရက်ပေးရန်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ သားဆက်ခြားရန် အပိုလစာပေးရန်၊ အိမ်သာ၊ သောက်ရေ၊ လက်ဆေးဆပ်ပြာနှင့် စွန့်ပစ်ပစ္စည်းအမှိုက်ပုံးများ သန့်ရှင်းမှုရှိစေရေးတို့ကို တောင်းဆိုထားသည်။



