ဖက်စပ်လုပ်ငန်းများ၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများ စာရင်းစစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၆ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများ စာရင်းစစ်ဆေးရာတွင် အထောက်အကူဖြစ်စေရန်နှင့် လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။



