back

မြန်မာပြည်တွင်းတွင် ဒုတိယအကြိမ်မြောက် MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲအား အသင်းပေါင်း(၁၁)သင်းဖြင့်ကျင်းပမည်

Mar 07 • 1:55 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာပြည်တွင်းတွင် ဒုတိယအကြိမ်မြောက် MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲအား အသင်းပေါင်း(၁၁)သင်းဖြင့်ကျင်းပမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမည့် ၂၀၂၅ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ခွင့်ပြုမည့် ဒုတိယအကြိ...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမည့် ၂၀၂၅ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ခွင့်ပြုမည့် ဒုတိယအကြိမ်မြောက် MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲအား အသင်းပေါင်း(၁၁)သင်းဖြင့် မတ် ၁၄ ရက်မှ ၂၉ ရက်အထိကျင်းပသွားမည်ဖြစ်ကာအဆိုပါ ပွဲစဥ်များအတွက် ပွဲစဥ်မဲနှိုက်ရေးဆွဲခြင်းနှင့် သတင်းစာရှင်းလင်းပွဲအား မတ် ၆ ရက်မွန်းလွဲပိုင်းက သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။ပွဲစဥ်များ၏ အုပ်စုပွဲစဥ်များအား MFF တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစည်သူဝင်း၊ မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်နှင့် MFF ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦးတို့က မဲနှိုက်ရေးဆွဲပေးခဲ့ပြီးနောက် ပြိုင်ပွဲဝင်(၁၁)သင်းအား တစ်သင်းချင်းစီအလိုက် မိတ်ဆက်ပေးခဲ့ပါသေးတယ်။ပြိုင်ပွဲများ၏ အုပ်စုအဆင့်ပွဲစဉ်များကို M-3 ဗဟန်းမြက်ခင်းတုကွင်း၊ TG-2 (သုဝဏ္ဏလေ့ကျင့်ရေးကွင်း-၂) နှင့် ‌ဗိုလ်လုပွဲစဉ်အား သုဝဏ္ဏကွင်းတို့၌ကျင်းပသွားမည်ဖြစ်ကာ ဗိုလ်လုပွဲရောက်နှစ်သင်းမှာ Myanmar National League II 2025 အမှတ်ပေးပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပါတယ်။



news-view-count-icon

27