မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား စည်းသဖွယ်ခြားထားသည့် မယ်ဆိုင်ချောင်း၏ အခြေအနေကို ၂၀၂၅ခုနှစ် မတ်လ(၆)ရက်နေ့တွင် တွေ့ရသည်။မိုင်းဆတ်ခရိုင်အတွင်း တရားမဝင် အကြီးစား ရွှေတူးဖော်သည့် လုပ်ငန်းများကနေ မျှောပါလာသည့် နုန်းမြေများ စီးမျှောဝင်ရောက်လာမှုနှင့်အတူ ချောင်းအတွင်း ဆယ်ယူနိုင်မှု မရှိခြင်းများကြောင့် ယခု နွေရာသီအစတွင် ချောင်း၏ အခြေအနေမှာ တိမ်ကောစဖြစ်ပေါ်လာသည်ကို တွေ့ရသည်။မယ်ဆိုင်ချောင်းအတွင်း ဝင်ရောက်နေသည့် နုန်းမြေများမှာ ပိုမိုမြင့်တက်လာနေပြီး မိုးရာသီကာလများတွင် တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုမှာ ပြီးခဲ့သည့် ၂၀၂၄ခုနှစ်ထက် ပိုမိုဆိုးရွားစွာ ဖြစ်လာမည့်အရေးကို တာချီလိတ်နေ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်ကို တွေ့ရသည်။



