အခုနှစ်ဆန်းပိုင်းမှာ ဘိလပ်မြေတွေ ပစ္စည်းပြတ်ပြီးနောက် ဈေးနှုန်းတွေ မြင့်တက်ခဲပေမဲ့ မတ်လအတွင်းမှာ ဘိလပ်မြေတွေ ပုံမှန်ပြန်ဝင်လာတဲ့အတွက် ဈေးနှုန်းအနည်းငယ် ကျဆင်းလာတယ်လို့ ရန်ကုန်မြို့ရှိ ဘိလပ်မြေ ရောင်းဝယ်တဲ့သူတွေဆီကနေ သိရပါတယ်။ဘိလပ်မြေ ဈေးဟာ အရင်က တစ်အိတ်ကို ကျပ် ၁ သောင်းကျော်သာရှိခဲ့ရာကနေ ဘိလပ်မြေအမျိုးအစား အလိုက် တစ်အိတ်ကို ကျပ် ၂ သောင်း ၆ ထောင်ကျော် ၂ သောင်း ၇ ထောင်ဝန်းကျင်အထိ ဈေးပေါက်ခဲ့တာပါ။ အခုဆိုရင် ဘိလပ်မြေတွေ ပြန်ဝင်ရောက်လာတဲ့အတွက်ဘိလပ်မြေ တစ်အိတ်ကို ကျပ်(၂)သောင်းခွဲအောက်သာ ရှိတော့တယ်လို့ သိရပါသည်။



