back

မိသားစုစားဝတ်နေရေးခက်ခဲလာမှုကြောင့် ပလုံကောက်သည့်ကလေးအရေအတွက် ရန်ကုန်မှာ ပိုများလာ

Mar 06 • 2:32 PM

breaking-news

မြန်မာ

ရန်ကုန်

cover

မိသားစုစားဝတ်နေရေးခက်ခဲလာမှုကြောင့် ပလုံကောက်သည့်ကလေးအရေအတွက် ရန်ကုန်မှာ ပိုများလာ

မိသားစုစားဝတ်နေရေးခက်ခဲလာမှုကြောင့် ရန်ကုန်မြို့တွင် ပလုံကောက်သည့်ကလေးငယ်များ များပြား လာကြောင်း ပလုံကောက်သူများထံမှ သိရသည်။အဆိုပါ ပလုံကောက်သည့် ကလေးငယ်များသည် ...


မိသားစုစားဝတ်နေရေးခက်ခဲလာမှုကြောင့် ရန်ကုန်မြို့တွင် ပလုံကောက်သည့်ကလေးငယ်များ များပြား လာကြောင်း ပလုံကောက်သူများထံမှ သိရသည်။အဆိုပါ ပလုံကောက်သည့် ကလေးငယ်များသည် ရန်ကုန်မြို့၏ အချက်အချာကျသည့် ဗိုလ်တထောင်၊ ကျောက် တံတား၊ လသာ၊ ပန်းပဲတန်း၊ လမ်းမတော် စသည့်မြို့နယ်များတွင် ဘူးခွံများနှင့် တခြား စွန့်ပစ်ပစ္စည်း များကို နေ့စဉ်ကောက်ယူကြပြီး တစ်ရက်လျှင် ငွေတစ်သောင်းဝန်းကျင်နှင့် တစ်သောင်းကျော် ရရှိကြောင်း သိရသည်။ယခုလို ပလုံကောက်သည့် ကလေးငယ်များတွင် အများစုသည် ကျောင်းနေအရွယ်များဖြစ်ကြပြီး စားဝတ် နေ ရေး အဆင်မပြေမှုများကြောင့် ယခုလို ငွေရလွယ်သည့် ပလုံကောက်သည့်အလုပ်ကို အသက်မွေးဝမ်း ကျောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။လက်ရှိ ရန်ကုန်မြို့မှာ ရေသန့်ဘူးခွံတပိဿာ (၁၅၀၀)၊ ဘီယာဘူးခွံ တစ်ဘူး(၁၀၀)၊ ကတ်ထူစက္ကူ တစ်ပိဿာ (၁၄၀၀)၊ သတင်းစာတစ်ပိဿာ (၁၇၀၀)၊ ကြေးဝါတစ်ပိဿာ (၃၄၀၀၀)၊ ကြေးအနီတစ် ပိဿာ (၅၅၀၀၀)နှင့် သံတိုသံစ တစ်ပိဿာ (၁၅၀၀)၊ (၂၀၀၀)၊ (၂၅၀၀)ဟူ၍ အစာစားရှိကြောင်း သိရပါသည်။



news-view-count-icon

19