back

မြန်မာနိုင်ငံကနေ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သူတွေအတွက်ပညာရေးနိုထြီထုတ်ပေးမှု နိုင်ငံခြားရေးဌာန ရပ်ဆိုင်းထား

Mar 06 • 2:22 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံကနေ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သူတွေအတွက်ပညာရေးနိုထြီထုတ်ပေးမှု နိုင်ငံခြားရေးဌာန ရပ်ဆိုင်းထား

မြန်မာနိုင်ငံကနေ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သူတွေအတွက် မဖြစ်မနေလိုတဲ့ ပညာရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်တွေကို နိုင်ငံခြားရေးဌာနက မှန်ကန်ကြောင်းအထောက်အထား ထ...


မြန်မာနိုင်ငံကနေ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သူတွေအတွက် မဖြစ်မနေလိုတဲ့ ပညာရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်တွေကို နိုင်ငံခြားရေးဌာနက မှန်ကန်ကြောင်းအထောက်အထား ထုတ်ပေး တာကို ဒီနေ့ မတ်လ ၆ ရက်ကစပြီး အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ (Notary) နိုတြီအထောက်အထား ထုတ်ပေးတာကိုပဲ ရပ်လိုက်တာဖြစ်ကြောင်း ရန်ကုန်ကသတင်းပေးပို့တာကို အခြေခံပြီး တင်ပြထားပါသည်။နိုင်ငံခြားသွားကြမယ့်သူတွေအနေနဲ့ ပညာရေး၊ လက်ထပ်စာချုပ်၊ ယာဉ်မောင်း၊ နိုင်ငံသားမှတ်ပုံတင် စတဲ့အချက်အလက်တွေ မှန်ကန်ကြောင်း နိုင်ငံခြားရေးဌာနမှာ ကျမ်းကျိန် Notary public အထောက်အထား လုပ်ကြရပါတယ်။ အဲဒီထဲက နိုင်ငံခြားမှာ ကျောင်းတက်မယ့်သူတွေ မဖြစ်မနေ လိုတဲ့ ပညာရေးထောက်ခံချက် နိုတြီအထောက်အထားကို ဒီနေ့ကစပြီး ယာယီပိတ်လိုက်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ 



news-view-count-icon

23