ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ ဘဏ်တွေ လည်ပတ်ခြင်းမရှိတော့တာကြောင့် ငွေသားရှားပါးလာတယ်လို့ ဒေသခံတွေဆီက သိရပါသည်။"ဘဏ်တွေ မရှိတော့ ငွေထုတ်မယ့်နေရာလည်း မရှိဘူး။ တခုခုဝယ်မယ်ဆိုလည်း ငွေသားက မရှိဘူး။ ဒီဘက်မှာရှိတဲ့ငွေသားတွေကလည်း အဟောင်းတွေ၊ အစုတ်တွေချည်းများနေတယ်။"လို့ မတူပီမြို့နယ်ဒေသခံတစ်ဦးက ပြောပါသည်။



