အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သော မိသားစုများမှ ကလေးငယ်များနဲ့သူတို့ရဲ့ မိသားစုဝင်တွေကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီဖို့အတွက် ရည်ရွယ်ပြီး ကလေးပျော်စင်တာလေးကို ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင်ဖွင့်လှစ်ပေးလျက်ရှိပါသည်စိ။တ်ပိုင်းဆိုင်ရာအားပေးတဲ့အနေနဲ့ကလေးများ ပျော်ရွှင်စေသော ကစားနည်းများ ကစားခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့နဲ့ အချင်းချင်း ရိုင်းပင်းကူညီတတ်စေဖို့အတွက် ကစားနည်းများ ကစားစေခြင်း၊ စိတ်ပင်ပမ်းမှု လျော့ချပေးခြင်း နှင့် ဘေးကင်းလုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကစားစေခြင်းဖြင့် ကူညီစောင့်ရှောက်မှုတွေပေးလျက်ရှိပါသည်။



