ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မတ်လ ၁ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ နွေရာသီ အခြေခံအားကစားသင်တန်း (၂၀) မျိုးကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အသက် ၈ နှစ်မှ ၁၆ နှစ်အတွင်း ကျောင်းသားကျောင်းသူ ၃၀၀၀ ကျော် တက်ရောက်လျက်ရှိသည်။ ဘောလုံး၊ ဘော်လီဘော၊ ဂျူဒို၊ ဝူရှူး၊ လက်ဝှေ့၊ ကြက်တောင်၊ တိုက်ကွမ်ဒို၊ ကရာတေး၊ ပြေးခုန်ပစ်၊ အေရိုးဗစ်၊ မြန်မာ့သိုင်း၊ စားပွဲတင်တင်းနစ်၊ ဖူဆယ်၊ ရေးကူး၊ တင်းနစ်၊ ဘိလိယက်၊ ခြင်းလုံး၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်းနှင့် ရိုးရာလက်ဝှေ့ အစရှိသည့် အားကစားနည်း (၂၀) မျိုးကို နည်းပြအင်အား ၁၀၀ ဝန်းကျင်ဖြင့် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ် အားကစားဆပ်ကော်မတီတို့ ပူးပေါင်းကာ သင်ကြားပေးလျက်ရှိသည်။



