back

ချင်းအမျိုးသားနေ့တွင် ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်

Mar 06 • 9:18 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းအမျိုးသားနေ့တွင် ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်

၂၀၂၄ ခုနှစ်အတွင်း ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း (၁၉၉) ဦးအား (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပ...

၂၀၂၄ ခုနှစ်အတွင်း ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း (၁၉၉) ဦးအား (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခဲ့သည်။ မတ်လ ၅ ရက်နေ့ ဟားခါးမြို့၌ ကျင်းပသော အခမ်းအနားတွင် အမှုထမ်းကောင်းဆု၊ စီမံခန့်ခွဲရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ထူးချွန်ဆုများအပြင် ပြည်နယ်ဝန်ကြီးချုပ်၏ ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး စုစုပေါင်း ငွေကျပ် (၄၈၆) သိန်းတိတိ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ဤဂုဏ်ပြုချီးမြှင့်မှုသည် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို အသိအမှတ်ပြုခြင်းနှင့် အလုပ်ခွင်တွင် တီထွင်ဖန်တီးလိုစိတ်များ ပိုမိုထက်သန်လာစေရန် ရည်ရွယ်သည်။


news-view-count-icon

18