ရန်ကုန်တိုင်းအတွင်း အထပ်မြင့်မြို့နယ်များတွင် ရေတင်ခြင်းနှင့် နေထိုင်မှုအဆင်ပြေစေရန် ဓာတ်အားရရှိမှုအပေါ်မူတည်၍ အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်များတွင် (၄)နာရီစီ အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေပြီး၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်များတွင် ဓာတ်အားလိုင်းဝေးကွာခြင်းနှင့် ဓာတ်အားစနစ်အခြေအနေကြောင့် (၄)နာရီပေး (၈)နာရီပိတ်စနစ်ဖြင့် ဓာတ်အားပေးနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်သည်။



