နေပြည်တော်တွင် စက်သုံးဆီဈေး မြင့်တက်လာမှုကြောင့် ဆိုင်ကယ်ကယ်ရီခများ အနည်းဆုံး ၁၅၀၀/၂၀၀၀ ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။ ယခင်က မြို့တွင်းခရီးများအတွက် ၅၀၀/၁၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း ယခုအခါ ၁၅၀၀/၂၀၀၀ ကျပ်အထိ ပေးဆောင်ရသည်။ ပျဉ်းမနားမှ နေပြည်တော်သို့ ခရီးရှည်များအတွက် ယခင်က ၃၀၀၀/၄၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း ယခုအခါ ၁၀၀၀၀ ကျပ်အထိ ပေးဆောင်ရသည်။ ဆီဈေးမြင့်တက်မှုကြောင့် ကယ်ရီသမားများသည် ခရီးဝေးများအတွက် ၁၀၀၀၀ ကျပ်ပေးသော်လည်း အခက်အခဲရှိကြောင်း ပြောကြားသည်။ နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးများသို့ အခြားယာဉ်များ ဝင်ရောက်ခွင့်မပြုသောကြောင့် ဆိုင်ကယ်ကယ်ရီများကိုသာ အသုံးပြုကြသည်။



