back

ပြည်တွင်း ရိုက်ကြေးကြီးမြင့်မှုကြောင့် သင်္ဘောသားလူသစ်များ အလုပ်အကိုင် အခက်အခဲဖြစ်

Mar 06 • 7:40 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း ရိုက်ကြေးကြီးမြင့်မှုကြောင့် သင်္ဘောသားလူသစ်များ အလုပ်အကိုင် အခက်အခဲဖြစ်

သင်္ဘောသားလူသစ်များအတွက် အေးဂျင့်ပွဲစားခ (ရိုက်ကြေး) များ အဆမတန်မြင့်တက်လာသောကြောင့် ပြည်ပထွက်ခွာရန်နှင့် အလုပ်အကိုင်ရရှိရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သင်္...

သင်္ဘောသားလူသစ်များအတွက် အေးဂျင့်ပွဲစားခ (ရိုက်ကြေး) များ အဆမတန်မြင့်တက်လာသောကြောင့် ပြည်ပထွက်ခွာရန်နှင့် အလုပ်အကိုင်ရရှိရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သင်္ဘောသားအသိုင်းအဝိုင်းမှ သိရသည်။ ပွဲစားအေးဂျင့်ခများသည် လူသစ်များသာမက လူဟောင်းများအတွက်ပါ ပေးဆောင်ရပြီး အမေရိကန်ဒေါ်လာ ၁၀၀ တန် (အစိမ်းအရွက် ၃၀) နီးပါးအထိ မြင့်တက်လာကြောင်း သင်္ဘောသားများက ပြောကြားသည်။ ထို့အပြင် အခွန် ၈% ကြိုတင်ပေးဆောင်ရခြင်း၊ သင်တန်းစရိတ်များ၊ လူသစ်များအတွက် သင်္ဘောလိုင်းကြီးများရရှိရန် ခက်ခဲခြင်းတို့ကြောင့် လူသစ်များအနေဖြင့် အရင်းကျေရန် ပိုမိုခက်ခဲလာသည်။ ရိုက်ကြေးမတတ်နိုင်သူများမှာ တရုတ်ငါးဖမ်းလှေများနှင့် တရားမဝင် သင်္ဘောများသို့ သွားရောက်လုပ်ကိုင်နေကြပြီး အသက် ၃၅ နှစ်အထက် လူသစ်များအတွက် အလုပ်အကိုင်ရရှိရန် ပိုမိုခက်ခဲလာသည်။


news-view-count-icon

27