မန္တလေးမြို့တွင် လျှပ်စစ်မီး ရရှိချိန် မမှန်မှုကြောင့် အသေးစားလုပ်ငန်းများ အလုပ်ချိန် ပြောင်းလဲ လုပ်ကိုင်နေရကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။ ယခုနှစ်ဆန်းပိုင်းမှစ၍ လျှပ်စစ်မီးရရှိချိန် လျော့နည်းလာသောကြောင့် လုပ်ငန်းအများစုမှာ ညပိုင်းအချိန်များတွင်သာ လုပ်ကိုင်နေရသည်။ ဆူညံသံမရှိသော လုပ်ငန်းများမှာ ညသန်းခေါင်ယံ အချိန်များတွင် လုပ်ကိုင်ကြပြီး ဆူညံသံရှိသော လုပ်ငန်းများမှာ နေ့ခင်းပိုင်းနှင့် ညဦးပိုင်းတို့တွင်သာ လုပ်ကိုင်ကြရသည်။ မန္တလေးမြို့တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ လျှပ်စစ်မီး ရရှိချိန်မှာ တစ်ရက်လျှင် ပျမ်းမျှ ၂ နာရီဝန်းကျင်သာ ရရှိခဲ့သည်။



