back

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသော ပြည်ပနိုင်ငံသားများအား ဖမ်းဆီးထိန်းသိမ်း၍ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့

Mar 06 • 7:29 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသော ပြည်ပနိုင်ငံသားများအား ဖမ်းဆီးထိန်းသိမ်း၍ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့

မြန်မာနိုင်ငံတော်အစိုးရသည် နယ်စပ်ဒေသများ၌ တရားမဝင်ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ပြည်ပနိုင်...

မြန်မာနိုင်ငံတော်အစိုးရသည် နယ်စပ်ဒေသများ၌ တရားမဝင်ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ပြည်ပနိုင်ငံသားများကို ဖမ်းဆီးထိန်းသိမ်းကာ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေနှင့်အညီ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ရွှေကုက္ကိုလ်နှင့် မယ်ထော်သလေးနယ်မြေများ၌ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသား ၂၅၀ ဦးကို ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မတ် ၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၄၂၄၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့အနက် ၇၅၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကာ ကျန်ရှိသည့် ၃၄၈၅ ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။


news-view-count-icon

28