ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၅၂ သန်း ရရှိခဲ့ တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလက ပြည်ပကို ဆန်တန်ချိန် ၆၂,၇၄၃ ဒသမ ၉ တန်နဲ့ ဆန်ကွဲတန်ချိန် ၆၆,၇၀၉ တန် တင်ပို့ခဲ့ကာ စုစုပေါင်း ဆန်နဲ့ ဆန်ကွဲတန်ချိန် ၁,၂၉,၄၅၂ ဒသမ ၉ တန်တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။တင်ပို့ရာမှာတော့ ပင်လယ်ရေကြောင်းကနေ တင်ပို့ခဲ့တာဖြစ်ပြီး ဆန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆန်ကွဲကိုတော့ တရုတ်နိုင်ငံကို အများဆုံး တင်ပို့ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။



