back

မြန်မာနိုင်ငံတွင် ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် သတိပြုလိုက်နာဆောင်ရွက်သင့်သည်များကိုမိုးဇလမှ ထုတ်ပြန်

Mar 06 • 5:46 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် သတိပြုလိုက်နာဆောင်ရွက်သင့်သည်များကိုမိုးဇလမှ ထုတ်ပြန်

မြန်မာနိုင်ငံတွင် ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် သတိပြုလိုက်နာဆောင်ရွက်သင့်သည်များကိုမိုး၊ဇလမှ ယခုလိုထုတ်ပြန်ထားပါတယ်။မြန်မာနိုင်...

မြန်မာနိုင်ငံတွင် ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် သတိပြုလိုက်နာဆောင်ရွက်သင့်သည်များကိုမိုး၊ဇလမှ ယခုလိုထုတ်ပြန်ထားပါတယ်။


မြန်မာနိုင်ငံတွင်ငလျင်မလှုပ်မီ ဆောင်ရွက်ရန် အချက်များမှာ-

(၁) အခန်းတိုင်းတွင် လုံခြုံသောနေရာကိုသိထားရမည်၊

(၂) လုံခြုံသောနေရာသို့ ဝင်ရန်၊ အကာအကွယ်ယူရန်၊ ဆွဲကိုင်ထားရန်တို့အား လေ့ကျင့်ထားရမည်၊

(၃) အန္တရာယ်ရှိသော နေရာများကို သိထားရမည်၊

(၄) အိမ်ပြင်တွင်ရှိလျှင် လုံခြုံစိတ်ချရသောနေရာများကို သိထားရမည်၊

(၅) ထွက်ပြေးရန် လမ်းကြောင်းများ၊ အရံထွက်လမ်းများကို လေ့လာမှတ်ထားရမည်၊

(၆) ရေ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီးတို့ကို အရေးပေါ် ဖြတ်တောက်နိုင်မည့်နေရာများကို သိထားရမည်။


ငလျင်လှုပ်ရှားစဉ် လုပ်ဆောင်ရန်အချက်များ

(၁) မြေကြီး(သို့မဟုတ်) အဆောက်အဦတုန်ခါခြင်းကြောင့် ပြိုကျလာသည့် အကျိုးအပဲ့များ ထိခိုက်မည့်အန္တရာယ်မှ လွတ်ကင်းအောင် စာရေးခုံ၊ စားပွဲအောက်တွင် ချက်ချင်းအမြန်ဆုံးဝင်၍ ပုန်းလျှိုးနေလိုက်ပါ၊

(၂) ပြိုကျနေသည့်အကျိုးအပဲ့များ၊ မြင့်မားသည့်ပရိဘောဂများ၊ ကြမ်းပြင်ပေါ်တွင် လျောကျနိုင်သော (သို့မဟုတ်) မှောက်လဲနိုင်သော လေးလံသည့် အရာဝတ္တုများကို သတိထားပါ၊

(၃) အပြင်ထွက်သော တံခါးပေါက်၊ ပြူတင်းပေါက်များမှ ဝေးဝေးနေပါ၊

(၄) ငလျင်လှုပ်စဉ် အိမ်အပြင်သို့ ထွက်မပြေးပါနှင့်၊

(၅) မိမိသည် တိုက်အမြင့်ကြီး၌ နေထိုင်ပါက လှေကားများ(သို့မဟုတ်) ဓာတ်လှေကားများတွင် တိုးဝှေ့ခြင်း မပြုပါနှင့်၊

(၆) မိမိသည် လမ်းပေါ်သို့ရောက်နေပါက အဆောက်အဦများ၊ လျှပ်စစ်ကြိုးများနှင့် ဝေးကွာသော ကွင်းပြင်သို့ ရောက်ရှိရန် ကြိုးပမ်းရမည်၊

(၇) မိမိသည် ကားအတွင်းတွင်ရှိနေလျှင် ကားကို စက်သတ်ရပ်ထား၍ ကားအတွင်း၌ပင် ဆက်နေပြီး တံတားများ၊ အဆောက်အဦးများနှင့် ဝေးဝေးနေရမည်၊

(၈) ပင်လယ်ကမ်းခြေ၊ နိမ့်သော မြစ်ကမ်းပါးတို့မှ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ ဆူနာမီရေလှိုင်းကြီးများ ဝင်ရောက်လာနိုင်ပါသည်ဟုထုတ်ပြန်ထားပါတယ်။

news-view-count-icon

28