back

မြန်မာတွင်ယခုလက်ရှိဖြစ်ပွားနေသည့် အသည်းရောင်အသားဝါ (အေ) ရောဂါနှင့်ပတ်သက်သည့် အကြောင်းအရာအချက်အလက်များကိုWHO Myanmar မှဖော်ပြခဲ့

Mar 06 • 4:49 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာတွင်ယခုလက်ရှိဖြစ်ပွားနေသည့် အသည်းရောင်အသားဝါ (အေ) ရောဂါနှင့်ပတ်သက်သည့် အကြောင်းအရာအချက်အလက်များကိုWHO Myanmar မှဖော်ပြခဲ့

မြန်မာတွင်ယခုလက်ရှိဖြစ်ပွားနေသည့် အသည်းရောင်အသားဝါ (အေ) ရောဂါနှင့်ပတ်သက်သည့် အကြောင်းအရာအချက်အလက်များကိုWHO Myanmar မှ‌ဖော်ပြခဲ့ပါတယ်။အသည်းရောင်အသားဝါ (အေ) ရော...

မြန်မာတွင်ယခုလက်ရှိဖြစ်ပွားနေသည့် အသည်းရောင်အသားဝါ (အေ) ရောဂါနှင့်ပတ်သက်သည့် အကြောင်းအရာအချက်အလက်များကိုWHO Myanmar မှ‌ဖော်ပြခဲ့ပါတယ်။

အသည်းရောင်အသားဝါ (အေ) ရောဂါ၏ လက္ခဏာများမှာ▪️ ဖျားခြင်း

▪️ မောပန်းနွမ်းနယ်ခြင်း

▪️ အစားအသောက်ပျက်ခြင်း

▪️ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း

▪️ ပျို့ အန်ခြင်း

▪️ ဗိုက်အောင့်ခြင်း

▪️ အသားဝါခြင်း၊ မျက်လုံးဝါခြင်း

▪️ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း

▪️ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းတို့ဖြစ်ကာရောဂါပိုးရှိသူတိုင်းမှာ အထက်ပါရောဂါလက္ခဏာများ အားလုံး မရှိနိုင်ပါ။ အပျော့စားမှ ပြင်းထန်သောလက္ခဏာများအထိ တဦးနှင့်တဦး ရောဂါလက္ခဏာများ ကွဲပြားနိုင်သလို ပြင်းထန်စွာအသည်းရောင်ပါက ရုတ်တရက်အသည်းပျက်စီး၍ အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။


news-view-count-icon

16