လာမည့်မတ်လ(၈)ရက်မှာ၇၉-နှစ်မြောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနေ့အခမ်းအနားကို ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။အဲဒီ့အခမ်းအနားနေ့မှာ ရုပ်ရှင်လောကသားတွေ၊နွမ်းပါးပညာရှင်တွေကို ငွေသား ကံစမ်းမဲများဖောက်ပေးဖို့အစီအစဉ်တွေရှိနေပါတယ်။အမှန်တကယ်နွမ်းပါးသူ ရုပ်ရှင်အစည်းအရုံးဝင် လောကသားတွေကို Trust double nine ရေသန့်မိသားစုက ငွေကျပ် သိန်း ၂၀၀ဖိုးငွေသားတွေ မဲဖောက်ပေးခဲ့ဖို့ ကနဦးလှူဒါန်းထားပြီး၇၉-နှစ်မြောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနေ့အထိမ်းအမှတ်အဖြစ် ရုပ်ရှင်ဖခင်ကြီး များကြေးရုပ်နဲ့ ရာပြည့်ရင်ပြင်ဖွင့်လှစ်ခြင်း၊ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ပျော်ပွဲရွှင်ပွဲများ၊ ကျွေးမွေးလှုဒါန်းပွဲများ၊ သင်တန်းသားဟောင်းများစကားဝိုင်း၊ ဗီဒီယိုလောကသားများ၊ စကားဝိုင်းများ၊ ဖြူမဲရှားပါးရုပ်ရှင်ပြသပွဲများအပြင် ရုပ်ရှင်ရုံမှာ အကယ်ဒမီရုပ်ရှင် ၆ ကားပြသပေးဖို့ အစီအစဉ်တွေပါဝင်တယ်လို့ သိရပါတယ်။



