ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ တင်သွင်းသော ဘိလပ်မြေ တန်ချိန် ၃၀၀၀ တင်ဆောင်သည့် ရေယာဉ်သည် မတ်လ ၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဈေးကွက်အတွင်း စတင်ဖြန့်ဖြူးခဲ့ကာ ဘိလပ်မြေရေယာဉ်များ ကော့သောင်းမှ ရန်ကုန်သို့ အပတ်စဉ် ထပ်မံ ရောက်ရှိလာမည်ဖြစ်သည်။



