back

မြန်မာပြည်တွင်းတွင် အသည်းရောင်အသားဝါရောဂါ (အေ) ဖြစ်ပွားသူလူနာ အစုလိုက်၊ အပြုံလိုက် ကပ်ရောဂါအသွင် ကူးစက်မှု မရှိဟု ကျန်းမာရေးဝန်ကြီးဌာနပြော

Mar 06 • 2:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာပြည်တွင်းတွင် အသည်းရောင်အသားဝါရောဂါ (အေ) ဖြစ်ပွားသူလူနာ အစုလိုက်၊ အပြုံလိုက် ကပ်ရောဂါအသွင် ကူးစက်မှု မရှိဟု ကျန်းမာရေးဝန်ကြီးဌာနပြော

မြန်မာပြည်တွင်းတွင် အသည်းရောင်အသားဝါရောဂါ (အေ) ဖြစ်ပွားသူလူနာ အစုလိုက်၊ အပြုံလိုက် ကပ်ရောဂါအသွင် ဖြစ်ပွား ကူးစက်မှု မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။က...

မြန်မာပြည်တွင်းတွင် အသည်းရောင်အသားဝါရောဂါ (အေ) ဖြစ်ပွားသူလူနာ အစုလိုက်၊ အပြုံလိုက် ကပ်ရောဂါအသွင် ဖြစ်ပွား ကူးစက်မှု မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။ကျန်းမာရေးဝန်ကြီးဌာနကလည်း အသည်းရောင်အသားဝါ (အေ) ရောဂါကို ကြိုတင်ကာကွယ်ကြဖို့ သတိပေးချက်ကို မတ် ၂ ရက်မှာ ထုတ်ပြန်လာကာကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်နဲ့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးရာမှာ အဖြစ်များတဲ့ ကူးစက်ရောဂါ (၁၃) မျိုးကို ကာကွယ်ဖို့ ကာကွယ်ဆေးတွေကို အသက်အရွယ်အလိုက် အခမဲ့ထိုးနှံ ပေးလျက်ရှိပါတယ်။ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရန်ကုန်တိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ်အားလုံးမှာ အသည်းရောင်အသားဝါရောဂါ စောင့်ကြပ်ကြည့်ရှုသတင်းပေးပို့မှု စနစ်အရ အသည်းရောင်အသားဝါ ရောဂါ (အေ) ဖြစ်ပွားသူလူနာ ရှိ၊ မရှိ စောင့်ကြည့်ရာမှာလည်း အစုလိုက်၊ အပြုံလိုက် ကပ်ရောဂါအသွင် ဖြစ်ပွား ကူးစက်မှုတွေ မရှိတာကို တွေ့ရှိရပါတယ်။



news-view-count-icon

25