အဆိုတော်လွှမ်းပိုင်ကအဆိုပါ Vlog ဗီဒီယိုကို ရိုက်ကူးပြီး ကာယကံရှင်ဖြစ်တဲ့ သူမကိုသာ ပို့ပေးခဲ့ဖူးပြီး သူကိုယ်တိုင် Folder Lock ချကာသိမ်းခဲ့ကြောင်းနှင့် မည်သို့မည်ပုံအွန်လိုင်းပေါ်ပျံ့သွားလဲ ယခုထိစဉ်းစားလို့မရဘူးလို့ လွှမ်းပိုင်ကပြောပါတယ်။အဆိုပါဗီဒီယိုအား ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဝေချင်စိတ်ရှိခဲ့ပါက ဒီနေ့အထိစောင့်ခဲ့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ နည်းပညာကျွမ်းကျင်သူများရှိရင်လည်း ကူညီပြီးအဖြေထုတ်ပေးကြဖို့နဲ့ ဒီလိုအမှားကိုထပ်မဖြစ်အောင် နေထိုင်သွားမယ်လို့ပရိသတ်ထံလည်း ကတိပေးသွားခဲ့ပါတယ်။
နော်ဖောအယ်ထားနှင့်သူ ပါဝင်ထားတဲ့ ဗီဒီယိုဟာ ကာယကံရှင်ဖြစ်တဲ့သူတို့နှစ်ဦးမှာသာရှိပြီး မည်သို့မည်ပုံ အွန်လိုင်းပေါ်ရောက်လဲ စဉ်းစားမရကြောင်း အဆိုတော်လွှမ်းပိုင်ပြော
Mar 06 • 1:37 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


