၆.၃.၂၀၂၅ ရက်ယနေ့၊ မြန်မာစံတော်ချိန်၀၂ နာရီ၄၅ မိနစ်အချိန်ခန့်၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လင်းလည်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာသတင်းရရှိသဖြင့် တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာမြန်မာစံတော်ချိန် ၀၃နာရီ ၁၅မိနစ်အချိန်တွင်မီးငြိမ်းနိုင်ခဲ့သည်။



