Artificial Intelligence (AI) နည်းပညာ သင်တန်းကို မတ်လ ၄ ရက်နေ့ နံနက်ပိုင်းက မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) သင်တန်းခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။အဆိုပါသင်တန်းသို့ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး မန္တလေးမြို့ပေါ်ရှိ မြို့နယ်အသီးသီးမှ မြို့နယ်ဦးစီးမှူးများ၊ ဦးစီးအရာရှိများ၊ ဒုတိယဦးစီးမှူး၊ ဓါတ်ပုံကျွမ်းကျင်နှင့် ရုပ်/သံကျွမ်းကျင်ဝန်ထမ်း စုစုပေါင်း (၃၅)ဦးနှင့် တိုင်းဒသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ ဝန်ထမ်းများက အွန်လိုင်းစနစ်ဖြင့်တက်ရောက်ကြကြောင်း သိရသည်။



