ရွှေပြည်သာတံတားအနီး ဆိပ်ကမ်းတစ်ခုမှာ သင်္ဘောကုန်ချနေစဥ် ၁၉နှစ်အရွယ် သင်္ဘောလုပ်သားတစ်ဦး လှိုင်မြစ်ထဲ ပြုတ်ကျခဲ့ပြီးရေစီးနှင့်မျောပါ၍ သင်္ဘောဝမ်းဗိုက်အောက်ထဲရောက်ရှိကာ ပျောက်ဆုံးသွားပါသည်။ပြုတ်ကျချိန် လုပ်ဖော်ကိုင်ဖက် ၂ ဦး အသက်အန္တရာယ်ကြားမှ လိုက်လံကယ်ဆယ်သော်လည်း ရေစီးသန်နေတဲ့အတွက်ကြောင့် ၎င်းတို့ ၂ ဦးတောင် ကံကောင်းပြီး ပြန်လည်လွတ်မြောက်ခဲ့ကြောင်းသိရပါသည်။



